ပါဆယ် ပစ္စည်း ပေးပို့သူများ လိုက်နာရန် အချက်များ 

 Terms & Conditions

 

            စည်းမျဉ်းကန့်သတ်ချက်များ 
  1. ပစ္စည်းပေးပို့သူမှ မိမိပေးပို့လိုသည့် ပါဆယ်ပစ္စည်းများအား သေချာစွာထုပ်ပိုး၍ ပေးပို့လိုသည့်  နေရပ်လိပ်စာ နှင့် ဖုန်းနံပါတ် အားမှန်ကန်စွာ ဖော်ပြပေးရန်လိုအပ်ပါသည်။ ငွေကောက်ပမာဏ၊ Delivery ခ ကောက်ရန်လို/မလို တို့ကို မြင်သာသောနေရာတွင် ရေးသား ဖော်ပြထားရမည်။     
  2. ပစ္စည်းထုပ်၏ သတ်မှတ်အရွယ်အစားမှာ 1ပေ x 1ပေ x 1ပေပတ်လည် အရွယ်အစား နှင့် အလေးချိန် 5Kg ဖြစ်ပါသည်။ သတ်မှတ်ချက်ထက် ကျော်လွန်ပါက Extra Weight 1-Kg အတွက် 500ကျပ်/ Extra Size (6လက်မ) အတွက် 500 ကျပ် ကောက်ခံမည်ဖြစ်ပါသည်။
  3. ပေးပို့ရမည့်လိပ်စာ ပြည့်စုံမှန်ကန်သော်လည်း ပစ္စည်းလက်ခံမည့်သူသည် အကြောင်းအမျိုးမျိုးကြောင့် ပေးပို့သည့်လိပ်စာတွင် ရှိမနေလျှင် တစ်ပတ် အတွင်း () ကြိမ်တိတိ ဆက်သွယ်ပေးပါမည်။ တစ်ပတ်အတွင်း ဆက်သွယ် မရခဲ့ပါက ပါဆယ်ပစ္စည်းများမှာ  အကြောင်းအမျိုးမျိုးကြောင့် ပျက်စီးတတ်ပါသဖြင့် ( ရက်) ထက် ပိုပြီး ထိန်းသိမ်းပေးမည် မဟုတ်ပါ
  4. ပေးပို့သည့်လိပ်စာတွင် လက်ခံမည့်သူမရှိခြင်း၊ လိပ်စာမပြည့်စုံခြင်း၊ လိပ်စာမှားယွင်းခြင်း၊ ပစ္စည်းလက်ခံမည့်သူ သည်အကြောင်းတစ်စုံတစ်ရာကြောင့် ပစ္စည်းလက်ခံရန် ငြင်းပယ်ခြင်း၊ ပေးပို့ပစ္စည်းမှားယွင်းခြင်း စသည့်အကြောင်းမျိုးမျိုးကြောင့် ပစ္စည်းပေးပို့ရန်  မဖြစ်ပါ က ပို့ခငွေ Delivery Charges အားပြန်အမ်းမည်မဟုတ်ပါ
  5. ပေးပို့ရမည့်လိပ်စာ ပြည့်စုံမှန်ကန်သော်လည်း ပစ္စည်းလက်ခံမည့်သူသည် အကြောင်းအမျိုးမျိုးကြောင့် ပေးပို့သည့်လိပ်စာတွင် ရှိမနေလျှင် တစ်ပတ် အတွင်း () ကြိမ်တိတိ ဆက်သွယ်ပေးပါမည်။ တစ်ပတ်အတွင်း ဆက်သွယ် မရခဲ့ပါက ပါဆယ်ပစ္စည်းများမှာ  အကြောင်းအမျိုးမျိုးကြောင့် ပျက်စီးတတ်ပါသဖြင့် ( ရက်) ထက် ပိုပြီး ထိန်းသိမ်းပေးမည် မဟုတ်ပါ
  6. ပစ္စည်းပို့ဆောင်နေစဉ် Packing ပျက်စီးခြင်းမှအပ ပါဆယ်ထုပ်အတွင်းမှ မူလပစ္စည်း ပျက်စီး/ ပျောက်ဆုံးခြင်းကို လုံး၀တာ၀န်ယူမည် မဟုတ်ပါ။ ကောင်းမွန်လုံခြုံစွာ ထုတ်ပိုးပေးထားခြင်း မရှိသောကြောင့် ဖြစ်ပေါ်လာသော ကျိုးပဲ့၊ ကွဲရှ၊ ယိုစိမ့်၊ ကြေမွ၊ ပျက်စီးနိုင်သော ပစ္စည်းများ၏ ထုတ်ပိုးမှုကို ပေးပို့သူက တာဝန်ယူရပါမည်။
  7. ကားဂိတ်ချပစ္စည်းများအတွက် ကားဂိတ်တင်ပြီးသည်အထိသာ တာဝန်ယူပါမည်။ ကားဂိတ်တာဝန်ရှိသူများ၏ ဖွင့်ဖောက်စစ်ဆေးခြင်းကြောင့် ပျက်စီးမှုများအတွက် တာဝန်မယူပါ။ နယ် ကားလိုင်းများကြောင့် ဖြစ်ပေါ်လာသော ကိစ္စရပ်များအတွက် Parcel 360° အနေဖြင့် တာ၀န်‌ယူဖြေရှင်းပေးမည်  မဟုတ်ပါ။   
  8. မျှော်မှန်းမထားနိုင်သော နိုင်ငံရေးအခြေအနေများ၊ လုံခြုံရေးအခြေအနေများ၊ အာဏာပိုင်များ၊ သက်ဆိုင်ရာအဖွဲ့အစည်းများမှ ဖွင့်ဖောက်စစ်ဆေးခြင်း၊ ရောဂါကပ်ဘေး၊ လမ်းခရီးအခက်အခဲ များနှင့် သဘာ၀ဘေးအန္တရာယ်များကြောင့် ပစ္စည်းများ ထိခိုက်ပျက်စီးပျောက်ဆုံးမှုများ ရှိပါက ရှောင်လွှဲ၍ မရနိုင်သော ကိစ္စရပ်ဖြစ်သည့်အတွက် Parcel 360° အနေဖြင့် တာဝန်ယူဆောင်ရွက် ပေးမည်မဟုတ်ပါ။
  9. ပစ္စည်းများအား လုံခြုံရေးအရ Parcel 360° အနေဖြင့် လိုအပ်ပါက ဖွင့်ဖောက် စစ်ဆေးခြင်းကို ကြည်ဖြူစွာ ခွင့်ပြုရပါမည်။
ခွင့်မပြုသော ပစ္စည်းများ

ဥပဒေအရ မလွတ်ကင်းသော စာများ၊ ပစ္စည်းများ ၊ မီးလောင်လွယ်စေသော ပစ္စည်းများ၊ ဓါတုပစ္စည်းများ၊ လက်နက် ခဲယမ်းများ၊ ပေါက်ကွဲစေနိုင်သော ပစ္စည်းများ၊ မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေတတ်သောပစ္စည်းများ နှင့်ဆက်စပ် ပစ္စည်းများ၊ ငွေစက္ကူ၊ ထီလက်မှတ်၊ အရေးကြီးစာချုပ်/စာတမ်း၊ ရွှေ၊ ကျောက်မျက်ရတနာနှင့် အခြားတန်ဖိုးကြီးပစ္စည်းများ၊ ပျက်စီးလွယ်သော ပစ္စည်းများ ပေးပို့ခြင်းကို Parcel 360° မှ (လုံးဝ) ခွင့်မပြုပါ

 
ပါဆယ်ပစ္စည်းပျောက်ဆုံး/ပျက်စီးခြင်းအတွက် လျော်ကြေး
  1. ချမှတ်ထားသည့်စည်းကမ်းများအရ Parcel 360° မှ တာဝန်ယူထားသည့်ပစ္စည်း ပျောက်ဆုံးပျက်စီးမှုအတွက် အမြင့်ဆုံး လျော်ကြေးငွေမှာ ကျပ်ငွေ ()သိန်း သတ်မှတ်ပါသည်။ 
  2. ကျပ်ငွေ ()သိန်းအောက် တန်ကြေးရှိသည့် ပစ္စည်းဖြစ်ပါက မူလတန်ဖိုးအတိုင်းသာ ပေးလျော်ပါမည်။
  3. လျော်ကြေးငွေတောင်းခံသည့်အခါ Parcel 360° တွင် မှတ်ပုံတင်ထားသည့် မူရင်းလက်ခံပြေစာအား တင်ပြနိုင်ရမည်။
  4. တာဝန်ယူထားသည့် ပစ္စည်း ပျောက်ဆုံး/ပျက်စီးသည်ဟု အတည်ပြုသည့်နေ့မှစ၍ ရက်ပေါင်း(၃၀) အတွင်း လျော်ကြေး ငွေတောင်းခံရပါမည်။
  5. ရက်ပေါင်း (၃၀) ထက်ကျော်လွန်ပါက လျော်ကြေးငွေတောင်းခံခြင်းသည် အလိုအလျောက်ပျက်ပြယ်မည် ဖြစ်ပါသည်။
 ငွေစာရင်းရှင်း သည့်နေ့
  1. တနင်္ဂနွေ၊ တနင်္လာ၊ အင်္ဂါ၊ ဗုဒ္ဓဟူး နေ့များတွင် ပစ္စည်းပေးပို့ပြီးပါက သောကြာနေ့ တွင် ငွေလွှဲ ပြီး Invoice ပေးပို့ပါသည်။
  2. ကြာသပတေး၊ သောကြာ၊ စနေ နေ့များတွင် ပစ္စည်းပေးပို့ပြီးပါက တနင်္လာ နေ့တွင် ငွေလွှဲ ပြီး Invoice ပေးပို့ပါသည်
  3. ငွေပေးချေခြင်း ကိုပစ္စည်းပို့ဆောင်ပြီးသည့် နေ့ရက်ပေါ် မူတည်၍ ဆောင်ရွက်ပါသည်။ (ပစ္စည်းအပ်နှံသည့် နေ့မဟုတ်ပါ)
 Parcel 360° ၏ ဝန်ဆောင်ပေးနိုင်မှုများ
  1. နံနက်(၈း၀၀)နာရီမှညနေ (၅:၀၀)အထိ Request တင်ထားသည့်ပစ္စည်းများအား နေ့ချင်းပြီး အခမဲ့ ကောက်ပေးခြင်း။ (၃ထုပ် နှင့် အထက်)
  2. ပါဆယ်ပစ္စည်းများအား အိမ်တိုင်ရာရောက်ပို့ဆောင်ပေးခြင်း နှင့် COD (Cash on Delivery) များအား ကောက်ခံပေးခြင်း။
  3. ပစ္စည်းလက်ခံသူထံ ပစ္စည်းရောက်/ငွေလက်ခံ ပြီးလျှင် (၁ပတ်) အတွင်း (၂ကြိမ်) ငွေကောက်များအားလုံး လွှဲပေးခြင်း။
  4. COD (Cash on Delivery) များအတွက် ထပ်ဆောင်းဝန်ဆောင်ခများ/ ငွေလွှဲခများ ပေးရန်မလိုခြင်း
Scroll to Top