ပါဆယ် ပစ္စည်း ပေးပို့သူများ လိုက်နာရန် အချက်များ
Terms & Conditions
စည်းမျဉ်းကန့်သတ်ချက်များ
- ပစ္စည်းပေးပို့သူမှ မိမိပေးပို့လိုသည့် ပါဆယ်ပစ္စည်းများအား သေချာစွာထုပ်ပိုး၍ ပေးပို့လိုသည့် နေရပ်လိပ်စာ နှင့် ဖုန်းနံပါတ် အားမှန်ကန်စွာ ဖော်ပြပေးရန်လိုအပ်ပါသည်။ ငွေကောက်ပမာဏ၊ Delivery ခ ကောက်ရန်လို/မလို တို့ကို မြင်သာသောနေရာတွင် ရေးသား ဖော်ပြထားရမည်။
- ပစ္စည်းထုပ်၏ သတ်မှတ်အရွယ်အစားမှာ 1ပေ x 1ပေ x 1ပေပတ်လည် အရွယ်အစား နှင့် အလေးချိန် 5Kg ဖြစ်ပါသည်။ သတ်မှတ်ချက်ထက် ကျော်လွန်ပါက Extra Weight 1-Kg အတွက် 500ကျပ်/ Extra Size (6လက်မ) အတွက် 500 ကျပ် ကောက်ခံမည်ဖြစ်ပါသည်။
- ပေးပို့ရမည့်လိပ်စာ ပြည့်စုံမှန်ကန်သော်လည်း ပစ္စည်းလက်ခံမည့်သူသည် အကြောင်းအမျိုးမျိုးကြောင့် ပေးပို့သည့်လိပ်စာတွင် ရှိမနေလျှင် တစ်ပတ် အတွင်း (၃) ကြိမ်တိတိ ဆက်သွယ်ပေးပါမည်။ တစ်ပတ်အတွင်း ဆက်သွယ် မရခဲ့ပါက ပါဆယ်ပစ္စည်းများမှာ အကြောင်းအမျိုးမျိုးကြောင့် ပျက်စီးတတ်ပါသဖြင့် (၇ ရက်) ထက် ပိုပြီး ထိန်းသိမ်းပေးမည် မဟုတ်ပါ။
- ပေးပို့သည့်လိပ်စာတွင် လက်ခံမည့်သူမရှိခြင်း၊ လိပ်စာမပြည့်စုံခြင်း၊ လိပ်စာမှားယွင်းခြင်း၊ ပစ္စည်းလက်ခံမည့်သူ သည်အကြောင်းတစ်စုံတစ်ရာကြောင့် ပစ္စည်းလက်ခံရန် ငြင်းပယ်ခြင်း၊ ပေးပို့ပစ္စည်းမှားယွင်းခြင်း စသည့်အကြောင်းမျိုးမျိုးကြောင့် ပစ္စည်းပေးပို့ရန် မဖြစ်ပါ က ပို့ခငွေ Delivery Charges အားပြန်အမ်းမည်မဟုတ်ပါ။
- ပေးပို့ရမည့်လိပ်စာ ပြည့်စုံမှန်ကန်သော်လည်း ပစ္စည်းလက်ခံမည့်သူသည် အကြောင်းအမျိုးမျိုးကြောင့် ပေးပို့သည့်လိပ်စာတွင် ရှိမနေလျှင် တစ်ပတ် အတွင်း (၃) ကြိမ်တိတိ ဆက်သွယ်ပေးပါမည်။ တစ်ပတ်အတွင်း ဆက်သွယ် မရခဲ့ပါက ပါဆယ်ပစ္စည်းများမှာ အကြောင်းအမျိုးမျိုးကြောင့် ပျက်စီးတတ်ပါသဖြင့် (၇ ရက်) ထက် ပိုပြီး ထိန်းသိမ်းပေးမည် မဟုတ်ပါ။
- ပစ္စည်းပို့ဆောင်နေစဉ် Packing ပျက်စီးခြင်းမှအပ ပါဆယ်ထုပ်အတွင်းမှ မူလပစ္စည်း ပျက်စီး/ ပျောက်ဆုံးခြင်းကို လုံး၀တာ၀န်ယူမည် မဟုတ်ပါ။ ကောင်းမွန်လုံခြုံစွာ ထုတ်ပိုးပေးထားခြင်း မရှိသောကြောင့် ဖြစ်ပေါ်လာသော ကျိုးပဲ့၊ ကွဲရှ၊ ယိုစိမ့်၊ ကြေမွ၊ ပျက်စီးနိုင်သော ပစ္စည်းများ၏ ထုတ်ပိုးမှုကို ပေးပို့သူက တာဝန်ယူရပါမည်။
- ကားဂိတ်ချပစ္စည်းများအတွက် ကားဂိတ်တင်ပြီးသည်အထိသာ တာဝန်ယူပါမည်။ ကားဂိတ်တာဝန်ရှိသူများ၏ ဖွင့်ဖောက်စစ်ဆေးခြင်းကြောင့် ပျက်စီးမှုများအတွက် တာဝန်မယူပါ။ နယ် ကားလိုင်းများကြောင့် ဖြစ်ပေါ်လာသော ကိစ္စရပ်များအတွက် Parcel 360° အနေဖြင့် တာ၀န်ယူဖြေရှင်းပေးမည် မဟုတ်ပါ။
- မျှော်မှန်းမထားနိုင်သော နိုင်ငံရေးအခြေအနေများ၊ လုံခြုံရေးအခြေအနေများ၊ အာဏာပိုင်များ၊ သက်ဆိုင်ရာအဖွဲ့အစည်းများမှ ဖွင့်ဖောက်စစ်ဆေးခြင်း၊ ရောဂါကပ်ဘေး၊ လမ်းခရီးအခက်အခဲ များနှင့် သဘာ၀ဘေးအန္တရာယ်များကြောင့် ပစ္စည်းများ ထိခိုက်ပျက်စီးပျောက်ဆုံးမှုများ ရှိပါက ရှောင်လွှဲ၍ မရနိုင်သော ကိစ္စရပ်ဖြစ်သည့်အတွက် Parcel 360° အနေဖြင့် တာဝန်ယူဆောင်ရွက် ပေးမည် “မဟုတ်”ပါ။
- ပစ္စည်းများအား လုံခြုံရေးအရ Parcel 360° အနေဖြင့် လိုအပ်ပါက ဖွင့်ဖောက် စစ်ဆေးခြင်းကို ကြည်ဖြူစွာ ခွင့်ပြုရပါမည်။
ခွင့်မပြုသော ပစ္စည်းများ
ဥပဒေအရ မလွတ်ကင်းသော စာများ၊ ပစ္စည်းများ ၊ မီးလောင်လွယ်စေသော ပစ္စည်းများ၊ ဓါတုပစ္စည်းများ၊ လက်နက် ခဲယမ်းများ၊ ပေါက်ကွဲစေနိုင်သော ပစ္စည်းများ၊ မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေတတ်သောပစ္စည်းများ နှင့်ဆက်စပ် ပစ္စည်းများ၊ ငွေစက္ကူ၊ ထီလက်မှတ်၊ အရေးကြီးစာချုပ်/စာတမ်း၊ ရွှေ၊ ကျောက်မျက်ရတနာနှင့် အခြားတန်ဖိုးကြီးပစ္စည်းများ၊ ပျက်စီးလွယ်သော ပစ္စည်းများ ပေးပို့ခြင်းကို Parcel 360° မှ (လုံးဝ) ခွင့်မပြုပါ။
ပါဆယ်ပစ္စည်းပျောက်ဆုံး/ပျက်စီးခြင်းအတွက် လျော်ကြေး
- ချမှတ်ထားသည့်စည်းကမ်းများအရ Parcel 360° မှ တာဝန်ယူထားသည့်ပစ္စည်း ပျောက်ဆုံးပျက်စီးမှုအတွက် အမြင့်ဆုံး လျော်ကြေးငွေမှာ ကျပ်ငွေ (၂)သိန်း သတ်မှတ်ပါသည်။
- ကျပ်ငွေ (၂)သိန်းအောက် တန်ကြေးရှိသည့် ပစ္စည်းဖြစ်ပါက မူလတန်ဖိုးအတိုင်းသာ ပေးလျော်ပါမည်။
- လျော်ကြေးငွေတောင်းခံသည့်အခါ Parcel 360° တွင် မှတ်ပုံတင်ထားသည့် မူရင်းလက်ခံပြေစာအား တင်ပြနိုင်ရမည်။
- တာဝန်ယူထားသည့် ပစ္စည်း ပျောက်ဆုံး/ပျက်စီးသည်ဟု အတည်ပြုသည့်နေ့မှစ၍ ရက်ပေါင်း(၃၀) အတွင်း လျော်ကြေး ငွေတောင်းခံရပါမည်။
- ရက်ပေါင်း (၃၀) ထက်ကျော်လွန်ပါက လျော်ကြေးငွေတောင်းခံခြင်းသည် အလိုအလျောက်ပျက်ပြယ်မည် ဖြစ်ပါသည်။
ငွေစာရင်းရှင်း သည့်နေ့
- တနင်္ဂနွေ၊ တနင်္လာ၊ အင်္ဂါ၊ ဗုဒ္ဓဟူး နေ့များတွင် ပစ္စည်းပေးပို့ပြီးပါက သောကြာနေ့ တွင် ငွေလွှဲ ပြီး Invoice ပေးပို့ပါသည်။
- ကြာသပတေး၊ သောကြာ၊ စနေ နေ့များတွင် ပစ္စည်းပေးပို့ပြီးပါက တနင်္လာ နေ့တွင် ငွေလွှဲ ပြီး Invoice ပေးပို့ပါသည်။
- ငွေပေးချေခြင်း ကိုပစ္စည်းပို့ဆောင်ပြီးသည့် နေ့ရက်ပေါ် မူတည်၍ ဆောင်ရွက်ပါသည်။ (ပစ္စည်းအပ်နှံသည့် နေ့မဟုတ်ပါ)
Parcel 360° ၏ ဝန်ဆောင်ပေးနိုင်မှုများ
- နံနက်(၈း၀၀)နာရီမှညနေ (၅:၀၀)အထိ Request တင်ထားသည့်ပစ္စည်းများအား နေ့ချင်းပြီး အခမဲ့ ကောက်ပေးခြင်း။ (၃ထုပ် နှင့် အထက်)
- ပါဆယ်ပစ္စည်းများအား အိမ်တိုင်ရာရောက်ပို့ဆောင်ပေးခြင်း နှင့် COD (Cash on Delivery) များအား ကောက်ခံပေးခြင်း။
- ပစ္စည်းလက်ခံသူထံ ပစ္စည်းရောက်/ငွေလက်ခံ ပြီးလျှင် (၁ပတ်) အတွင်း (၂ကြိမ်) ငွေကောက်များအားလုံး လွှဲပေးခြင်း။
- COD (Cash on Delivery) များအတွက် ထပ်ဆောင်းဝန်ဆောင်ခများ/ ငွေလွှဲခများ ပေးရန်မလိုခြင်း